Livelihood

Funded by PACT & LIFT

ရတနာ့မေတ္တာအသေးစားငွေစုငွေချေးကုမ္ပဏီလီမိတက် (RMMCL)

ရတနာ့မေတ္တာ အသေးစားငွေရေးကြေးရေးကုမ္ပဏီလီမိတက်

            ရတနာ့မေတ္တာ အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ်တွင် Pact MARC ၏ နည်းပညာဆိုင်ရာ ထောက်ပံ့မှုနဲ့ LIFT မှ ရန်ပုံငွေ ထောက်ပံ့မှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် ထိုဒေသရှိ အခြေခံလူတန်းစားများ စားဝတ်နေရေး သက်သာချောင်ချိမှု ရှိစေရန် ရည်ရွယ်၍ အသေးစား ငွေရေးကြေးရေး စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့သည်။ RMMCL သည် ၂၀၂၂ ခုနှစ်တွင် ရပ်ကွက် (၈) ခုနှင့် ကျေးရွာ (၆၅) ရွာတို့တွင် စီမံချက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

            RMMCL အနေဖြင့် အမျိုးသမီးများ ပိုမွန်ကောင်းမွန်သောဘဝရရှိရန်နှင့် ငွေကြေးစီမံခန့်ခွဲရေးတွင် ကျွမ်းကျင်မှုရှိလာပြီး အတိုးနှုန်း သက်သာသည့် ချေးငွေများရရှိကာ စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်ပြီး ရပ်ရွာအတွင်း အထောက်အကူပြုနိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။

            RMMCL တွင် ချေးငွေချေးငှါးသည့် အသင်းသားများအား သင့်တော်သော ပမာဏဖြင့် ချေးငွေများ ချေးငှါးခြင်း၊ ချေးငွေ စုဆောင်းခြင်းတို့နှင့် ပတ်သက်သည့် သင်တန်းများပေးခြင်းနှင့် အကယ်၍ အသင်းသားများ သေဆုံးပါက အသင်းသား မိသားစုဝင်များအား ထောက်ပံ့ငွေများပေးခြင်း စသည့် လူမှုကူညီရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

            RMMCL ချေးငွေအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) ပုံမှန်ချေးငွေ

(၂) စိုက်ပျိုးရေးချေးငွေ

(၃) SME ချေးငွေ

(၄) ကျန်းမာရေးချေးငွေ

(၅) ပညာရေးချေးငွေ