Picture1
previous arrow
next arrow

၁၀-၉-၂၀၀၄ ရက်နေ့တွင် ဗုဒ္ဓဘာသာအသင်းအဖွဲ့(၉)ဖွဲ့ စုပေါင်းပြီး HIV ကိုစွဲကပ်ခံ နေရ သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ထေရဝါဒဗုဒ္ဓဘာသာ အဆုံးအမများနှင့်အညီ ပူးပေါင်းကူညီပေးနိုင်ရန် သဘောတူ ညီချက်ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော ရတနာ့မေတ္တာအဖွဲ့

စတင်ဖွဲ့စည်းစဉ်က အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများနှင့် ဝေဒနာရှင်များ အပေါ် အဆိုးမြင်ကာ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမည့် နိမ့်ချခွဲခြား ဆက်ဆံမှုများ ကင်းစင်သော ပတ်ဝန်းကျင် ကောင်းဖြစ်လာ စေရန် ရည်ရွယ် လုပ်ဆောင်ခဲ့ပါသည်။ ၎င်းနောက် အန္တရာယ်ကျရောက်လွယ်သည့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း တိုးချဲ့ လုပ်ကိုင် ခဲ့ပြီး ၂၀၀၈ ခုနှစ် ၊ မေ လဆန်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး များတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါသည်။

More About Us

RMO Running These Main Sectors

ကျွန်ုပ်တို့၏အကြောင်း

Ratana Metta Origanization

ရည်မှန်းချက်

အခြေခံမြန်မာလူထု၏ကျန်းမာရေး၊ပညာရေး၊လူမှုစီးပွားရေး အခြေအနေများ ဖွံ့ဖြိုးမှုအတွက် ပံ့ပိုးကူညီရန်။

Read More...

အနာဂတ်မျှော်မှန်းချက်

ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ဘဝအရည်အသွေးများ တိုးတက်ကောင်းမွန်လျက် ငြိမ်းချမ်းစွာရှိသော မြန်မာလူထု။

Read More...

ကျွန်ုပ်တို့၏တန်ဖိုး

ဖြောင့်မတ်၍ သစ္စာရှိမှု၊ တာဝန်ခံမှု၊ အရည်အသွေးပြည့်ပံ့ပိုးကူညီမှု၊မျှတမှုနှင့် မှန်ကန်မှု၊ ရေရှည်တည် တံ့မှု

Read More...

Our Donors & Partners