Childcare & Protection

Funded by ICCO

ကလေးလုပ်သားပပျောက်ရေး စီမံချက် (ရွှေကျင်မြို့)

About ICCO

       ICCO – KiA Project အနေဖြင့် ရွှေကျင်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ (၄၇) ခု (ကျေးရွာ ၃၉ ရွာနှင့် ရပ်ကွက် (၈)ခု) တို့တွင် ထိုဒေသရှိ ကလေးများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ကလေးသူငယ် အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုတို့အား အပြည့်အဝ ကျင့်သုံးသည့် ပတ်ဝန်းကျင် ဖြစ်လာစေရန် လုပ်ဆောင်လျက် ရှိပါသည်။

ကလေးများအတွက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်မှုကို ထိရောက်စွာ အထောက်အကူပြုနိုင်သည့် ကလေးသူငယ် အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုတို့ လုပ်ဆောင်နိုင်ရန် စိုက်ပျိုးရေးလုပ်ငန်းခွင်မှကလေးများ၊ လုပ်ငန်းပိုင်ရှင်များနှင့် ရွှေကျင်ဒေသအတွင်းရှိ ရပ်မိရပ်ဖများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ တိုးမြှင့်ဖို့ လိုအပ်ပါသည်။