Childcare & Protection

Funded by UNICEF

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ဖြစ်ရပ်စီမံခန့်ခွဲမှု စီမံချက် (CPCM)

CPCM Project သည် UNICEF ၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် တိုင်းနှင့်ပြည်နယ် (၅) ခု၊ မြို့နယ် (၇) မြို့နယ်တွင် ကလေးဖြစ်ရပ်များ စီမံခန့်ခွဲခြင်းနှင့် အသက် (၁၈) နှစ် မပြည့်သေးသည့် တပ်မတော်မှ နှုတ်ထွက်ခွင့်ရရှိသော ကလေးများအား ၎င်းတို့၏ မိသားစုများနှင့် ဝင်ဆံ့ပေါင်းစည်းနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း စသည့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် ရပ်ရွာအတွင်းရှိ ကလေးသူငယ်များနှင့် မိဘအုပ်ထိန်းသူများသည် ကလေးသူငယ်အခွင့်အရေးများ ပိုမိုသိရှိကာ မိဘများမှ မိမိတို့၏ ကလေးများကို မည်ကဲ့သို့ ပြုစုထိန်းသိမ်း စောင့်ရှောက်ရမည်ကို သိရှိလာခဲ့ကြပါသည်။

ရတနာ့မေတ္တာအဖွဲ့ မှ ဝန်ဆောင်မှုပေးနေသော ကလေး၏ မိဘ (၁) ဦး ကိုဗစ်-၁၉ ကာလအတွင်း ကွယ်လွန်သွားသဖြင့်  ကူညီဆောင်ရွက်မည့်သူတစ်ဦးမျှ မရှိသောကြောင့် ရတနာ့မေတ္တာအဖွဲ့မှ ကလေးမိဘ၏ နာရေးအား ဆောင်ရွက်ပေးခဲ့ပါသည်။