Healthcare

Funded by Alliance Myanmar

HIV/AIDS နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းစီမံချက်

ရတနာ့မေတ္တာအဖွဲ့(RMO) သည် ၂၀၀၈ ခုနှစ်မှ စတင်ပြီး နှစ်စဉ် Alliance Myanmar (မဟာမိတ်) အဖွဲ့နှင့် ပူးပေါင်းကာ HIV ရောဂါပိုး ဝင်ရောက်ခံစားနေရသူပေါင်း ၁၁၀၀ တို့အား ART ဆေး အခမဲ့ပေးဝေခြင်း၊ HIV ရှိ မရှိ စမ်းသပ်ပေးခြင်း၊ နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်မှာ နှစ်ပေါင်း (၁၄) နှစ်နီးပါးရှိခဲ့ပြီး ရလဒ်ကောင်းများလည်း ရရှိထားပြီးဖြစ်သည်။

            ရတနာ့မေတ္တာအဖွဲ့ ဆေးခန်းနှင့် CBO တို့၏ လုပ်ဆောင်ချက်များမှာ

(၁) HIV အပါအဝင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများအကြောင်းနှင့် HIV ဝေဒနာရှင်များအပေါ် အဆိုးမြင်ကာ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမည့် နှိမ့်ချ ခွဲခြား ဆက်ဆံမှုများ လျော့နည်းစေရန် ဆွေးနွေးတိုင်ပင်သည့် အဖွဲ့များ ထားရှိပေးခြင်း။

(၂) HIV ပိုး ရှိမရှိ စမ်းသပ်ပေးခြင်းနှင့် ဆွေးနွေးခြင်း။

(၃) ART ကုသမှု ခံယူနိုင်ရန်အတွက် HIV ရောဂါပိုး ဝင်ရောက်ခံစားနေရသူများအား National AIDS Program သို့ လွှဲပြောင်းခြင်း။

(၄) ART ဆေး ပေးဝေခြင်းနှင့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း။

(၅) လိင်ကျန်းမာရေးဆိုင်ရာ အသိပေးခြင်းနှင့် အကြံပေးအစီအစဉ်များတွင် ကွန်ဒုံးများနှင့် IEC ပစ္စည်းများကို ဖြန့်ဝေခြင်း။

            ရတနာ့မေတ္တာအဖွဲ (RMO) အနေနှင့် HIV ပိုးကူးစက်မှု အန္တရာယ် ရင်ဆိုင်နေရသည့် ခုခံအားနည်းသူများအပေါ် ရောဂါကြိုတင်ကာကွယ်ခြင်း၊ စမ်းသပ်ပေးခြင်း၊ ကုသပေးခြင်း စသည့် ထောက်ပံ့မှုများ လုပ်ဆောင်မည်ဟု ကတိကဝတ် ပြုပါသည်။