Youth, Women Empowerment & Rights

အတ္တ-ပရမျှတသော လူ့စွမ်းအားအရင်းအမြစ် ဖော်ထုတ်ရေးသင်တန်း (ရတနာ့မေတ္တာလူငယ်အဖွဲ့)

ရတနာ့မေတ္တာအဖွဲ့သည် လူငယ်များ၏ အရည်အချင်း မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အတ္တ-ပရမျှတသော လူ့စွမ်းအားအရင်းအမြစ် ဖော်ထုတ်ရေးသင်တန်းကို ၂၀၁၈ ခုနှစ်မှ စတင်ကာ တနှစ်လျှင် (၂) ကြိမ် ပြုလုပ်ခဲ့ရာ ၂၀၂၂ ခုနှစ်ထိ သင်တန်းအမှတ်စဉ် (၈) အထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပြီး ရန်ကုန်မြို့မှ လူငယ်စုစုပေါင်း ၁၃၇ ဦး သင်တန်း ဆင်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် ကွန်ပျူတာအခြေခံ၊ အဂလိပ်စာ 4 Skills နှင့် “Basic Knowledge of Humanitarian Sector for Youth” စသည့် ပညာရပ်များကို သင်ကြားပေးနိုင်ခဲ့ပြီး အခြား Youth Group Activity များကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းလူငယ်များမှ အချို့ကို ရတနာ့မေတ္တာအဖွဲ့မှ ဝန်ထမ်းအင်အား လိုအပ်မှုရှိသည့် စီမံ ချက်များတွင်၎င်း၊ ရုံးချုပ်ရှိဌာနများတွင်၎င်း အလုပ်ခန့်ထားပေးနိုင်ခဲ့ပါသည်။

အလားတူ ထိုသင်တန်းဆင်းလူငယ်များကို ရတနာ့မေတ္တာအဖွဲ့၏ လူငယ်အဖွဲ့ဝင်များအဖြစ် စည်းရုံး ဖွဲ့စည်း နိုင်ခဲ့ပြီး ရတနာ့မေတ္တာအဖွဲ့နှင့် စီမံချက်များမှ လှုပ်ရှားဆောင်ရွက်မှုများ၊ အခမ်းအနားများနှင့် Campaign များတွင် ပါဝင်နိုင်ခဲ့ပါသည်။

သင်တန်း၏ရည်ရွယ်ချက်

ရတနာ့မေတ္တာအဖွဲ့သည် အရပ်ဘက်လူမှုအဖွဲ့အစည်း ဖြစ်သည့် အားလျော်စွာ အဖွဲ့ဝင်အင်အား တောင့် တင်းပြီး လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အများအကျိုးကို စိတ်အားထက်သန်စွာ ကူညီလို သည့် လူငယ်လူရွယ်များကို မွေးထုတ်ရန်

ရတနာ့မေတ္တာအဖွဲ့၏ စီမံချက်လုပ်ငန်းများတွင် လူငယ်အင်အားများ ပါဝင်လာစေရန်

အဆိုပါ သင်တန်းဆင်း လူငယ်များသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အသိပညာများ၊ အဂလိပ်စာ ဖြင့် Report ရေးသားခြင်း၊ English Speaking နှင့် Computer skill စသည့် အတတ်ပညာများ သိရှိ တတ်မြောက်ကာ လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် လွယ်ကူစေရန်

လုပ်ဆောင်မှုများ

  • အဂလိပ်စာကျွမ်းကျင်မှုသင်တန်း ၁ – အရေး၊ အဖတ်
  • အဂလိပ်စာကျွမ်းကျင်မှုသင်တန်း ၂ – အပြော၊ နားထောင်ခြင်း
  • NGO နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်များအကြောင်း အသိပညာပေးခြင်း
  • ကွန်ပျူတာအခြေခံအသုံးပြုနည်းသင်တန်းပေးခြင်း